မုံရွာ ဇွန် ၁၂
ပြည်သူများ အားလပ်အချိန်များတွင် စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေနိုင် စေရေး၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး၊ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့ချနိုင်စေရန် အတွက် မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန်ရှင်းသာယာ လှပ ရေးလုပ်ငန်းခွင်သို့ ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရေသိုလှောင်နိုင်မှုပမဏ လျော့နည်းလာသည့် ကန်သာယာအနောက်ဘက် ကန်အား အနက် - ၄ ပေ ထပ်မံတူးခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက် နိုင်ရန်အတွက် ကန်သာယာပတ်လမ်းအား အကျယ်ပေ ၃၀ ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကန်သာယာအနောက် ဘက် ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုလုပ်ငန်းများ အချီန်မီပြီး စီးရေး၊ သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စေရေး တို့အား တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန်သည် မူလကန်ရေပြင်အကျယ် -၄၃.၅ ဧက၊ ကန်ပတ်လမ်းအကျယ် - ၁၄ ပေ၊ ရေအနက် - ၇ ပေ၊ ရေသိုလှောင်နိုင်မှု ပမဏ ဂါလံ- ၂.၁၂ သန်းဖြစ်ပြီး လုပ်ငန်းများအားလုံးပြီးစီးပါက ရေပြင်အကျယ်ဧရိယာ - ၃၅.၇၅ ဧက၊ ရေအနက် - ၁၁ ပေ၊ ကန်ပတ်လမ်းအကျယ် - ၄၄ ပေနှင့် ရေသိုလှောင်နိုင်မှု ပမဏ ဂါလံ - ၂.၇၄ သန်းရှိကာ ရေဂါလံ ခြောက်သိန်းနှစ်သောင်း ပိုမိုသိုလှောင်သွားနိုင်မည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှုရာခိုင်နုန်း ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကန်သာယာအရှေ့ဘက်ကန်ရှိ ကျွန်းများသန်ရှင်းသပ်ရပ်စေရေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ မြို့ရာပြည့်ဘုရားကျွန်းပတ်လည် - ၂၃၀၀ ပေ မြေထိန်းကျောက်ထုတ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရာပြည့်ဘုရား ရင်ပြင်တော်နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။