မုံရွာ ဧပြီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့၊ မြို့မဈေး ဈေးဆိုင်ခန်းသစ်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရွှေဘိုမြို့ဟာ ခရိုင်မြို့ကြီးတစ်မြို့ ဖြစ်တာနှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ မြို့တစ်မြို့ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ပြီး မီးရထားလမ်း၊ ကားလမ်း၊ လမ်းပန်းဆက်သွယ်ရေး အားလုံးကို အသုံးပြု နိုင်တဲ့ မြို့ဖြစ်ပါကြောင်း၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်တွင် တည်ရှိပြီး စိုက်ပျိုးရေးအဓိက နွေစပါး၊ မိုးစပါး စတဲ့သီးနှံများ၊ ရွှေဘိုပေါ်ဆန်းထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး စီးပွားရေးအရ အရေးပါတဲ့ ကုန်စည်စီးဆင်းရာ မြို့ကြီးတစ်မြို့ ဖြစ်သည်နှင့်အညီ မြို့ရွာများဖွံ့ဖြိုးတိုးတက်မှု အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် စီမံချက်များလျာထား ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ရွှေဘိုမြို့ဖွံ့ဖြိုးတိုး တက်ရေးအတွက် စည်ပင်သာယာရေးအခန်းကဏ္ဍက အဓိက အရေးပါနေပါကြောင်း၊ မိမိတို့အစိုးရ ဘက်ကလည်း မြို့နယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလုပ်ငန်းများ အဆင့်လိုက်ဘဏ္ဍာငွေခွင့်ပြု ဆောင်ရွက်ပေးလျှက်ရှိပါကြောင်းနှင့် ဈေးဆိုင်ခန်းသစ် အမြန်ပြီးစီးအောင် ဝိုင်းဝန်းဆောင် ရွက်ပေးကြတဲ့ ပုဂ္ဂိုလ်များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေဘိုမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင် အရာရှိ ဒေါ်အမာဆွေက ဈေးဆိုင်ခန်းသစ်များ ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်တို့က ရွှေဘိုမြို့၊ မြို့မဈေး ဈေးဆိုင်ခန်းသစ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး တဝန်ရှိသူများအတူ မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ရွှေဘိုမြို့ဈေးကြီး အတွင်း ဈေးဆိုင်ခန်းသစ်များ ဆောက်လုပ်ပြီးစီးမှုအား လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ရွှေဘိုမြို့မဈေးသည် ၁၅.၅.၂၀၂၁ နေ့မှာ အကြမ်းဖက်သူများရဲ့ မီးရှို့မှုကြောင့် ဈေးဆိုင်ခန်းပေါင်း ၉၀၁ ခန်း မီးလောင်ဆုံးရှုံးခဲ့ရာ အဆိုပါဆိုင်ခန်းများအား ၂၀-၁၀-၂၀၂၁ ရက် နေ့တွင် မူလအတိုင်းအတာအတိုင်း တိုင်ထောင်သွပ်မိုးသံထည် ၁ ထပ် ဆိုင်ခန်းများအဖြစ် ပြန်လည် ဆောက်လုပ်ခဲ့ခြင်းဖြစ်၊ ဈေးဆိုင်ခန်းများအား တိုင်းဒေသကြီးအစိုးရမှ စည်ပင်လုပ်ငန်း များအတွက် ၂၃၀ ဒသမ ၃ သန်းနှင့် ဈေးသူဈေးသားများမှ ငွေကျပ်သန်းပေါင်း- ၁၃၅၅ (တစ်ထောင့်သုံးရာငါးဆယ့်ငါးသန်း)ထည့်ဝင်မှုတို့ဖြင့် ပူးပေါင်း၍ ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ရွေဘို ရတနာနန်းတော်သို့ ရောက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေကျပ်- ၂၆၇၅၀၀၀၀ (နှစ်ရာခြောက်ဆယ်ခုနှစ်သိန်းငါးသောင်း)ဖြင့် မြေနန်းတော်အဆောင်၏ အမိုးနှင့် မျက်နှာကျက်၊ ပန်းဆွဲတကဲများ ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် နန်းတော်အား ရှေးမူမပျက်ရေရှည် တည်တံ့အောင် ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့အား လိုက်လံကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသော ဘိုမောင်ကျုံးနှင့် မြို့ဒေါင့်စေတီတော်ကျုံးများအတွင်း သန့်ရှင်းသပ်ရပ်သာယာ လှပစေရေးအတွက် ကျုံးများ အတွင်းရှိ ဗေဒါများဆယ်တင်နေမှု လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။