စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် (၁၄.၇.၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနှင့် အစိုးရအဖွဲ့ ဝန်ကြီးများလိုက်ပါလျှက် စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ရှိ ကန်သာယာတွင် ကန်သာယာသာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း၊ကျောက်ထုတ်လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးအမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်နှင့် ဆုထူးစံကုမ္ပဏီမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လိုအပ်ချက်များအား ဖြည့်ဆည်းမှာကြားဆောင်ရွက်ပေးခဲ့ပါသည်။