Error message

Notice: Undefined variable: KAMfwmcvV in iY_SBaP->__destruct() (line 1 of C:\inetpub\vhosts\srdao.org.mm\httpdocs\sites\default\settings.php).

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချဆောင်ရွက်ပေးလျှက်ရှိရာ အမှတ်စဉ်(၂)အဖြစ် (၁၂-၉-၂၀၁၉) ရက်နေ့မှ (၂-၁၀-၂၀၁၉) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာ​ရေးအဖွဲ့ ရုံး သင်တန်းခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းတွင် ရုံးလုပ်ထုံးလုပ်နည်း ဘာသာရပ်၊ အခွန်/အခ/အကောက်ဆိုင်ရာ ဘာသာရပ်၊ ဥပဒေ/နည်းဥပဒေဘာသာရပ်၊ ဝန်ထမ်းစည်းမျဥ်း စည်းကမ်းများ၊ ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းများ၊ ကွန်ပျူတာ အခြေခံနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စာရင်းစစ်ချုပ်ရုံး၊ စားသုံးသူရေးရာဦးစီးဌာနတို့မှလည်း လာရောက်သင်ကြားပို့ချခဲ့ကြပါသည်။ထို့အပြင် သင်တန်းသား/သင်တန်းသူများအား Human Resource Management ဘာသာရပ်ကိုလည်း သင်ကြားပို့ချပေးခဲ့ပါသည်။
သင်တန်းများ ပို့ချဆောင်ရွက်ပြီး၍ သင်တန်းဆင်းပွဲအခမ်းအနားအား (၂-၁၀-၂၀၁၉)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးမှ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

ဝန်ကြီးဌာနများ

လာရောက်ကြည့်ရှုသူများ

  • Site Counter:408,189
  • Visitors:
    • Today:271
    • This week:4,693
    • This month:13,879
    • This year:147,610

ပြက္ခဒိန်

ဖေ့(စ်)ဘွတ်(ခ်)

ADDRESS


Near Kantharyar, Bogyoke Road,
Yonegyi Quarter, Monywa, Myanmar.

Phone - 071- 22886 , 22248

Email: sggdevelopment@gmail.com
© Copyright 2017, Sagaing Region Development Affairs Organization. All Rights Reserved.